Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်မှုများ

Last Updated:

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၅၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၅၀၀၀)ကျပ်၊ 929  (၆၀၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင် တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၄၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၄၀၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၅၉၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက 929နှင့် ကုလားပဲဖြူလုံး(ကြီး/သေး) ဈေးနှုန်းများ အနည်း ငယ် မြင့်တက်လာကြောင်း သိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၄၂၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၈၅၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၄၃၀၀) ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၆၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၉၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၃၀၀၀) ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  (၄၆၅၀၀-၄၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၇၀၀၀)ကျပ် ယခင်တစ်ပတ် ကာလတူ အချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၄၆၀၀၀-၄၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၇၅၀၀)ကျပ် ရှိပါသည်။ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (ကြီး)ဈေးအနည်းငယ်မြင့်တက်နေပြီး၊ ပဲတီစိမ်း (သေး) တစ်တင်းလျှင် (၅၀၀)ကျပ်ခန့် ကျဆင်း ကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ပြောင်းနီ

ယခုတစ်ပတ် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၁၉၅၀၀)ကျပ်၊ပြောင်းနီ တစ်တင်းလျှင် (၂၁၀၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူအချိန် တွင် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၁၉၅၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၂၀၀၀၀)ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပြောင်းနီ အနည်းငယ်မြင့်တက်နေပြီး ပြောင်းဖူးစေ့(စီပီ)ဈေးငြိမ်နေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News